မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို (၁.၁၀.၂၀၂၄) ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကအဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်တော်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ကြပါသည်။ ထို့နောက် ဘိုးဘွားများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ဘိုးဘွားများအား မွန်ပြည်နယ်အစိုးရအဖွဲ့ ပေးအပ်သည့်ငွေသား ၅၀၀၀ဝိ/-နှင့် ကျပ် ၄၈၀၀၀ တန်ဖိုးရှိ ဂါရဝလက်ဆောင်ပစ္စည်းများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးဝါးပစ္စည်းများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Hygiene Kit များ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကျပ် ၃၀၀၀၀ဝိ/-တန်ဖိုးရှိ ဂါရဝလက်ဆောင်ပစ္စည်းများ၊ အလှူရှင်များမှ လှူဒါန်း‌ငွေများ အသီးသီးလှူဒါန်းကြပြီး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို နံနက် (၁၁:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ 

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာမှအကြီးအကဲများ၊ မွန်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာများမှကြီးကြပ်မှုကော်မတီဝင်များ၊ ကန်တော့ခံဘိုးဘွားများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR