မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် (၂၇-၁၂-၂၀၂၃) ရက်နေ့မှ (၂၈-၁၂-၂၀၂၃) ရက်နေ့ အထိလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ( ၁-၁-၂၀၂၄) ရက်နေ့မှ (၂-၁-၂၀၂၄) ရက်နေ့ အထိလည်းကောင်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ၊ မသန်စွမ်းသူများနှင့် လူမှုရေး အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၅)၊ နည်းဥပဒေများ (၂၀၁၇)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRPD)၊  မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် မသန်စွမ်းမှုစိစစ်ရန်အတွက် ပြုစုထားရှိသည့် အသက်အရွယ်အလိုက် မေးခွန်း လွှာ (၅) စုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက် ခွင့်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း သည် မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်စဉ်တစ်ခုဖြစ်ပြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း ကို (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ် အတွင်း ကနဦး စီမံကိန်းဧရိယာ (၄) မြို့နယ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု (၂၀၂၃ -၂၀၂၄) ဘဏ္ဍာနှစ်အတွင်း စီမံကိန်းမြို့နယ် (၁၀) ခုတွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR