လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနသည် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းမြို့နယ်များ သတ်မှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်သည် စီမံကိန်းမြို့နယ် (၁၀) ခု တွင် (၁) ခုအပါအဝင်ဖြစ်ပြီး ၂၆-၇-၂၀၂၅ ရက်နေ့နှင့် ၂၇-၇-၂၀၂၅ ရက်နေ့များတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ် အတွင်းမှ မသန်စွမ်းသူ (၁၂၂၆) ဦး မသန်စွမ်းသူမှတ်ပုံတင် လျှောက်ထားခဲ့ကြပါသည်။

ထို့နောက် ၃၀-၇-၂၀၂၅ ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဒေသဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ သနပ်ပင်မြို့နယ်မှ မသန်စွမ်းသူ (၁၈၂) ဦး မသန်စွမ်းသူမှတ်ပုံတင်လျှောက်ထားခဲ့ကြပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ယနေ့အထိ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် (၂၆) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူ (၈၂၄၈) ဦးအား မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ထုတ်ပေး နိုင်ခဲ့ပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိသူများအား ကနဦးထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။

၂

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး တွင် ဒဂုံ (အရှေ့) မြို့နယ်၊ ဒဂုံ (တောင်) မြို့နယ်၊ ဒဂုံ (မြောက်) မြို့နယ်၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR