လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌  စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့ ဇွန်လ(၂၈)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ မူးယစ် ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              အခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းလှိုင်က မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအန္တရာယ်ဟာနိုင်ငံနှင့် အဝှမ်းရင်ဆိုင်ကြုံတွေ့နေရသောခက်အခဲတစ်ခုဖြစ်ပါကြောင်း၊ အစိုးရနှင့်ပြည်သူပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ “မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့”တွင် လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွဲ့ဝင်အနေဖြင့် ပါဝင်ပြီး “မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့(၁၁)ဖွဲ့”အနက် “ပြန်လည်ထူထောင်ရေးအဖွဲ့”တွင် ဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူငယ်တစ်ချို့ဟာ မူးယစ်ဆေးဝါးကို လူငယ်သဘာဝအလျောက်စူးစမ်းချင်စိတ်ဖြင့်စမ်းသပ်သုံးစွဲရာမှ မူးယစ်ဆေးဝါး၏ ထိန်းချုပ်ခံသားကောင်ဘဝသို့ ရောက်လာရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် လူတစ်ဦးတစ် ယောက်၏ စိတ်ပိုင်း/ရုပ်ပိုင်းများကို ပြောင်းလဲစေရုံသာမက မိသားစုဝင်များ၏ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲဖျက်ဆီးနိုင်တဲ့ အန္တရာယ်ယန္တရားတစ်ခုဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို မူးယစ် နွံအတွင်းမှ ရုန်းထွက်နိုင်ရေးနှင့် မူးယစ်ဆေးဝါးသားကောင်ဘဝမှလွတ်မြောက်အောင်ဝိုင်းဝန်းကူညီ ပေးရန်နှင့် မူးယစ်ဆေးဖြတ်ပြီးပြန်လည်ထူထောင်ရေးသင်တန်းတက်ရောက်နေသော သင်တန်းသား များအနေဖြင့် သင်တန်းမှပို့ချပေးမည့် အသိပညာရပ်များ၊ သက်မွေးပညာရပ်တွေကိုလည်း မိမိတို့ ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါပြန်လည်အသုံးချပြီး လူမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ဆံ့ နိုင်စေရန်နှင့် မိမိဘဝမိမိရပ်တည်နိုင်စေရန် ကြိုးစားရန်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်၊ လူရွယ် တွေကို လူညွှန့်တုံးစေမဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန်၊ မူးယစ်ဆေးစွဲသူများကို မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်မှုခံယူနိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

              ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မှ စခန်း တာဝန်ခံက သင်တန်းဖွင့်လှစ်ရခြင်း   ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

              သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မန္တလေး)၊ မန္တလေး လူငယ်သင်တန်းကျောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်မှုအသင်း(ဗဟို)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မှ  အရာထမ်း/ အမှုထမ်းများ၊ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်မှုခံယူမည့်သင်တန်းသားများ၊ စုစုပေါင်း(၄၂)ဦးခန့် တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR