၁၉.၁၀.၂၀၂၅ ရက်၊ နံနက် ၀၉း၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း” သို့ တက်ရောက်လာကြသော သင်တန်းသား/ သူများအား တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းက ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မသန်စွမ်းသူများအခွင့်အရေး  ဥပဒေဘာသာရပ်များ ပို့ချခြင်းနှင့် ပုဂ္ဂလိက မသန်စွမ်းကျောင်းများ၏  တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားရာတွင် လိုအပ်ချက်များအား ရှင်းလင်းပြောကြား၍ သင်တန်းသား/ သူများမှ တင်ပြချက်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သင်တန်းပို့ချမှုအား နေ့လယ် ၁၂း၃၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ 

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းဆင်းဂုဏ်ပြုကတ်များအား သင်တန်းသား/ သူများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးမှ မိမိတို့ သင်တန်းသား/ သူများ၏ကိုယ်စား ယခုလို သင်ကြားပို့ချပေးခဲ့ပါသော ဆရာကြီးနှင့်တကွ ဆရာမကြီး များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အထူးစောင့်ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ်များအပေါ မိမိတို့ တတ်မြောက်သင်ကြားခဲ့ရသော ဘာသာရပ်များအား အကျိုးရှိစွာ အသုံးချ၍ စောင့်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး  အခမ်းအနားကို ၁၄း၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR