၁။      ၂၇.၄.၂၀၂၂ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ ကျင်းပခဲ့ သည့် 18th Meeting of the  Steering Committee  အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ARMAC ၏  အလှည့်ကျဉက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သံမှူးကြီး ဒေါ်ဧသန္တာ၊ ဒုတိယအတွင်းဝန် ဒေါ်အေးသန္တာစိုးတို့နှင့်အတူ ARMAC ၏ Steering Committee ဝင်များဖြစ် သော လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ထင်အောင်ကျော်တို့က Video Conferencing ဖြင့် နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင်ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်း‌ရေးဗဟိုဌာန (ARMAC) မှ Mr. Prum Suonpraseth (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

၃။         အစည်းအဝေးတွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း ARMAC ၏ အထူးစည်းအဝေး ကျင်းပရန်၊ ARMAC ၏ TOR နှင့် Mid-Term Review တို့ကိုဆောင်ရွက်ရန်၊ ARMAC ၏ လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဆင်သုံးသပ်ရန်၊ ARMAC ၏ ငွေကြေးအထောက်အပံ့တို့ကို ကောင်းမွန်စေရန် ဆွေးနွေးအတည်ပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR