လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)   ရက်နေ့(၀၉:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဟာဓမ္မိကာရုံ ပရဟိတဂေဟာ ဂေဟာမှူးနှင့်တကွ  အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်  ဂေဟာမှ ကျောင်းသား/သူ(၁၅၀)ဦးတို့အား  ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုတောမီးအန္တရာယ်နှင့်  ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့်စပ်လျဉ်းသည့်ဆောင်ရန်/ရောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး    နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR