လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၊ နေ့လယ် (၁၁ : ၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ သင်တန်းသား (၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။  

    ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျား၊မတန်းတူ ညီမျှရေးသည် လူမှုရေးကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမဖြစ်ပွားစေရန်နှင့် အမျိုးသမီးများအား ကာကွယ်ရန်အတွက် ဥပဒေ ပြဋ္ဌာန်းပြီး ပြည်သူများသိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန သည် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ခြင်း၊  လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Case Management Information System (CMIS) အတွက် Software ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် CEDAW အား အတည်ပြု လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည့်အတွက် CEDAW ပါ ပြဋ္ဌာန်းချက်များအား နိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ NSPAW Phase II ရေးဆွဲရာတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ownership ယူ၍ ရေးဆွဲသွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ UNSCR 1325 နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် Joint Communique ရေးထိုးထားပြီး တစ်နှစ်စီမံကိန်းဆောင်ရွက်၍ progress report ကို ပုံမှန်တင်သွင်းလျက်ရှိပါကြောင်းနှင့် စီမံချက်သက်တမ်းတိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ဌာနများ၏ ဆောင်ရွက်ချက်များတွင် ကျား၊မရေးရာကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်း ဖြင့် အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်အတွက် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

      Gender ၊ CEDAW၊ NSPAW ၊ UNSCR 1325 အသိပညာပေးသင်တန်းကို ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၇:၃၀) နာရီထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR