မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအောက်ရှိ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီမှကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၈.၉.၂၀၂၆ ရက်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရွှေဘုံသာဓမ္ဓာရုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ကလေးအလုပ် သမားဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ မော်လမြိုင်မြို့နယ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက ကလေးအလုပ်သမားနှင့် ပတ်သက်၍ လတ်တလောတွင် ဖြစ်ပေါ်နေသော အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားမှူး ဒေါ်ဝင်းဝင်းမာ မော်လမြိုင် မြို့နယ်တာဝန်ခံက ကလေးအလုပ်သမားနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် အသိပညာပေးဟောပြောပွဲများကို မြို့နယ်များတွင် အသိပညာပေးဟောပြောမှု အခြေအနေ၊ ကလေးအလုပ်သမား သတ်မှတ်ချက်များ၊ အလုပ်ရှင်များမှ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောလုပ်ငန်းများ၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများကို ညွှန်းပို့ဆက်သွယ်ခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမားအား ဝန်ဆောင်မှုပေးနေသည့်  လုပ်ငန်းရပ်များကိုပါ ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် ဟောပြောပွဲ ကို နံနက် ၁၂: နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပြည်နယ်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြား ရေးမှူးနှင့် လူမှုဝန်ထမ်း (၃) ၊ ရပ်ရွာအတွင်း ပြည်သူများ စုစုပေါင်းအင်အား (၇၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR