၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ်အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို၅-၉-၂၀၂၄ရက်နေ့နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိအခြေခံပညာအထက်တန်းကျောင်း(၃၉)ကျောင်းမှကျောင်းသား၊ကျောင်းသူ(၈၀)ဦးတို့က“အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊မျိုးဆက်သစ်တို့စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြပါသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်နှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

၄င်းယှဉ်ပြိုင်သူများအနက်မှပထမဆု၊ဒုတိယဆု၊တတိယဆုရရှိသူများနှင့်ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများကို၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့၌ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR