တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၊ တိုင်ကြားမှုယန္တရားနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၃၀.၉.၂၀၂၅ ရက်၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဘုရင့်နောင်ခန်းမ၌ အမျိုးသမီး ကော်မတီအဖွဲ့ဝင် (၁၂) ဦးဖြင့် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူးက အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် ပတ်သက်သည့် ကော်မတီဖွဲ့စည်းထားမှုများ၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၂၁၀၆ ၊ အပိုဒ် (၁၀) အရ အကောင်အထည်ဖော်ရမည့်အချက် (၃) ချက်၊ ဦးစားပေးကဏ္ဍ (၆) ရပ်၊ အကောင်အထည်ဖော်မည့်လုပ်ငန်းနယ်ပယ်နှင့် အခန်းကဏ္ဍများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျား၊မဆိုင်ရာ အကြမ်းဖက်ဖြစ်ရပ်များဖြစ်ပေါ်ပါက ဆက်သွယ်တိုင်ကြားအကူအညီ ရယူနိုင်မှုတို့နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအား Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ခရိုင်အမျိုးသမီးကော်မတီဝင်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြချက်များပါ လုပ်ငန်းဆောင်ရွက်မှုများအား ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် လိုအပ်သည်များ ဖြည့်စွက်ခြင်းတို့အား ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို မွန်းလွဲ (၁၄:၄၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR