လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၁)ရက်နေ့တွင် နမ်စန်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နမ်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ ခါနန်ကျေးရွာ၌ နေအိမ်များ အမိုးလန်ပျက်စီးခဲ့ရာ အမိုးလန်အိမ်ခြေ ( ၁၀ ) လုံးအား ပျက်စီးဆုံးရှုံးမှုအလိုက် သတ်မှတ်ထောက်ပံ့ နှုန်းထားအတိုင်း အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းကျပ်(၈၃၇၄၅၀/-)အား (၁၄-၅-၂၀၂၁)ရက်နေ့၊ မွန်းလွဲပိုင်း (၁၂း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR