လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဘားအံခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၃)ရက်နေ့၊ (၀၇:၀၀) အချိန်မှ (၀၉:၃၀)နာရီအချိန်အထိ ဘားအံမြို့၊ မဲဘောင်ဈေး၊ သီရိဈေး၊ အမှတ်(၁)စံပြဈေးနှင့် မြို့မ ဈေးကြီးတို့တွင် မုန်တိုင်းဘေးနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDMနောက်ဆုံးရသတင်းများ
ဇေယျာသီရိမြို့နယ်အတွင်း ငလျင်ဘေးထောက်ပံ့မှုသတင်း
၁၁ ဇူလိုင် ၂၀၂၅
အများပြည်သူသို့ အသိပေးကြေညာချက်
၁၁ ဇူလိုင် ၂၀၂၅

မန္တလေးငလျင် ဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း
၀၈ ဇူလိုင် ၂၀၂၅


