အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်/ ခရိုင်/ မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တိုက်ဖျက်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများရှိသော်လည်း ဥပဒေကို လေးစားလိုက်နာမှုအားနည်းခြင်းနှင့် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ လူမှုရေးစံနှုန်းများသည် သိသာထင်ရှားသည့် ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်အတွက် ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ် အကြမ်းဖက်မှုပပျောက်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေး”"UNiTE to End Digital Violence against All Women and Girls"ဖြစ်ပြီး အဆိုပါဆောင်ပုဒ်၏အဓိက အလေးပေးလိုသောအချက်သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုရပ်တန့်ရန်အတွက် ကျူးလွန်သူကို ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများ အတွက် ဥပဒေ ဖြင့် အကာအကွယ်ရယူရန် တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အ စည်းများက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် ကျန်းမာရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ၊ တရားရေးဆိုင်ရာ လိုအပ်သောဝန်ဆောင်မှုများကို တုံ့ပြန်ဖြည့်ဆည်းပေးခြင်း၊ လွယ်ကူစွာ တိုင်ကြားနိုင်သည့် စနစ်များနှင့် ယာယီခိုလုံရာ နေရာများတည်ထောင်ပေးခြင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီး များနှင့် အမျိုးသမီးငယ်ရွယ်များကို ပြန်လည်ထူထောင်ရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခြင်းလုပ်ငန်းစဉ်များကို အမျိုးသမီးကော်မတီဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

 ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် VideoClipကိုပြသခြင်း၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ သားငယ်၊ သမီးငယ်များနှင့် နေပြည်တော်ကလေးပြုစုရေးဌာနမှ သမီးလေးများမှ FitnessDance ဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ချီးမြှင့်ငွေများ ပေးအပ်သည်။

 ယင်းနောက် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR