တောင်ကြီးမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ၆-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိဦးစီးဌာနများမှအရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံမှုသည် ရှမ်းပြည်နယ်မှသာမက ကယားပြည်နယ်မှ ဝန်ထမ်းမိသားစုများကိုပါ အချိန်ပေးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းမိသားစုဝင်များအနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေများကို အမှန်အတိုင်း သိရှိစေရန် ရှင်းပြရခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ပြည်နယ်များ၏ သမိုင်းကြောင်းအမှန်ကို သိရှိထားရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ ထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာသည့် လက်ရှိနောက်ဆက်တွဲပြသနာများကို အမှန်အတိုင်း သိရှိထားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းမိသားစုဝင်များ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများ မခံရစေရေး အထူးသတိပြု နေထိုင်ကြစေလိုပါကြောင်း၊ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ၌ စိတ်ကောင်းစေတနာကောင်းထား၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား မျက်ခြေပြတ်မခံဘဲစည်းစည်းလုံးလုံးအောင်မြင်အောင် အကောင်ထည်ဖော်ဆောင်ရွက်ကြစေလိုပါကြောင်း၊  အခက်အခဲများကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း ပြောကြားပါသည်။ ဝန်ထမ်းများ၏တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဝေရာမီးပုံးပျံကွင်းအနီးရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အမှတ်(၂)မူလတန်းကြိုကျောင်း ဆောက်လုပ်မည့်မြေနေရာအားကြည့်ရှူစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးခွန်ရဲသွေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဟိုပုန်းမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံ တည်ဆောက်နေမှုကို ကြည့်ရှူစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစွာတည်ဆောက်ရေးအတွက် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR