လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်သည် UN Women ရုံး၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Christine Arab အားယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်ဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲရှောင်ဒေသများ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ သဘာဝဘေးဖြစ်ပွားရာဒေသများရှိ နေရပ်စွန့်ခွာသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်းအစီအစဉ်များဆောင်ရွက်ပေးနေမှု၊ ကျား/မအခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝန်ကြီးဌာနမှထောက်ပံ့ပေးနေမှုများ၊ “အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ” (One Stop Women Support  Center - OSWSC) များဖွင့်လှစ်၍ဝန်ဆောင်မှုပေးနေမှုများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်နေမှုများနှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့အကြားလုပ်ငန်းအစီအစဉ် (Work Plan) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများအား နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)၊ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် UN Womenမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR