လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၂၁) ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးသက်မွေးမှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ဦးစီးပြုလုပ်သော သဘာဝဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ဆရာမ/ကျောင်းသူ(၃၀)ဦးခန့် ပူးပေါင်းပါဝင်၍ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊မြေပြိုဘေး၊ မုန်တိုင်းဘေးများနှင့်ပတ်သက်၍ ဟောပြောခြင်းများပြုလုပ်ခြင်း၊  မီးသတ်ဦးစီးဌာနမှ မီးဘေးနှင့် ပတ်သတ်၍သရုပ်ပြဆောင်ရွက်ခြင်း၊ ကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်းများကို သရုပ်ပြဆောင်ရွက်ခြင်းတို့ကို ပူပေါင်း၍ဆောင်ရွက်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR