၂၃.၆.၂၀၂၅ ရက် နံနက်(၉:၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့  (Nationwide Case Management Supervision Unit-NCMSU) Working Group လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများရှိ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက(Inperson)ဖြင့် တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများက(Online) ဖြင့် တက်ရောက်ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “NCMSU Working Group လုပ်ငန်းညှိနှိုင်းအစည်းအဝေး’ကို ဦးစီးဌာနတွင် သုံးလပတ်အလိုက် တစ်ကြိမ်စီကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်မှုများမြင်နိုင်မှာဖြစ်ကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်၊ ကျား/မအခြေပြု အကြမ်းဖက်ခံရခြင်းဖြစ်ရပ်၊ Help Line မှ တိုင်ကြားသော ဖြစ်ရပ်နှင့် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ်တိုင်ကြားလာသော ဖြစ်ရပ်များကို စနစ်တကျလုပ်ကိုင် ဆောင်ရွက်ရန်၊ ဖြစ်ရပ်စီမံခန့်ခွဲသူနှင့် ကြီးကြပ်သူတို့ကို ကွပ်ကဲဆောင်ရွက်ရန် ၊ CMIS တွင် ကလေးသူငယ်၏ သတင်းအချက် အလက်ကို စနစ်တကျရေးသွင်းခြင်းလုပ်ငန်း ကြီးကြပ် ရန်နှင့် ဖြစ်ရပ်များကို သုံးသပ်တင်ပြသည့်အခါ လူမှုဝန်ထမ်းသမား၏ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသော  လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ဦးစီးဌာနမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။  






နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR