အလုပ်အကိုင်အမျိုးအစားအလိုက် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော မသန်စွမ်းသူများကို သင့်လျော်သောအလုပ်တွင်ခန့်ထားနိုင်ရေးနှင့် ဝေပုံကျနှုန်းထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်း အဝေးအား (၂၀-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် In-personစနစ်ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှ တာဝန်ရှိသူများသည် Online Zoom စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းမှ အဖွင့် မိန့်ခွန်းပြောကြားရာတွင် အလုပ်အကိုင်အမျိုးအစားအလိုက် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော မသန်စွမ်းသူများကို သင့်လျော်သောအလုပ်တွင်ခန့်ထားနိုင်ရေးနှင့် ဝေပုံကျနှုန်းထားသတ်မှတ်နိုင် ရေးအတွက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းတို့၏နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ပေးမည့်အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် လိုအပ်ချက်များအား အသေးစိတ်ဆွေးနွေးပေးရန်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အနေဖြင့်လည်း လိုအပ်ချက်များ၊ ဆောင်ရွက်ချက်များဆွေးနွေးပေးရန် ပြောကြားခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ အဖွင့်အမှာ စကားပြောကြားရာတွင် မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည် နေထိုင်နိုင်ဖို့အတွက် အလုပ်အကိုင်ရရှိရေး၊ ကိုယ်ပိုင်ဝင်ငွေရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၅.၉၆၈ သန်းရှိပြီး နိုင်ငံလူဦးရေစုစုပေါင်း၏ ၁၂.၈ ရာခိုင်နှုန်းရှိပါကြောင်း၊ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း လုပ်ငန်း ခွင်သို့ ဝင်ရောက်လုပ်ကိုင်နေသည့် မသန်စွမ်းသူအရေအတွက်မှာ နည်းပါးပြီး ပြင်းထန်မှုမရှိသည့် မသန်စွမ်းမှုရှိသူ ၄၇.၂ ရာခိုင်နှုန်းသာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေပါကြောင်း၊ အလုပ်အကိုင်အမျိုး အစားအလိုက် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော မသန်စွမ်းသူများအား သင့်လျော်သောအလုပ်တွင်ခန့် ထားနိုင်ရေးအတွက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဆွေးနွေးရမည်ဖြစ်ပါကြောင်းမသန်စွမ်းသူများအား အလုပ် အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် လုပ်ငန်းရှင်၊ မသန်စွမ်းသူနှင့် ၎င်း၏မိသားစုစသည့် () ဦး () ဖလှယ်အတွက် မသန်စွမ်းသူများအတွက် တန်းတူညီမျှအခွင့်အရေးကို ဖော်ဆောင်ပေးနိုင် ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဥက္ကဋ္ဌမှ အလုပ်အကိုင်အမျိုးအစား အလိုက် အလုပ်လုပ်နိုင်စွမ်းရှိသော မသန်စွမ်းသူများအား သင့်လျော်သောအလုပ်တွင် ခန့်ထားနိုင်ရေး အဆိုပြုရှေ့ပြေးစီမံကိန်းအား ရှင်းလင်းတင်ပြခဲ့ခြင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR