တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တွင် သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၁၇.၄.၂၀၂၆ ရက်၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဇေယျကျော်ထင် ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် အခမ်းအနားတက်ရောက်လာကြသူများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဘိုးဘွား (၃၅) ဦးအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီဇေယျကျော်ထင် ဦးဇော်နိုင်ဦးနှင့် ဇနီး ဒေါ်သီတဂူဇေယျ မိသားစုမှ ကန်တော့ပစ္စည်းများနှင့် ဆေးဝါးများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အာဟာရများ ကျွေးမွေးခြင်း နှင့် ဘိုးဘွား(၁)ဦးလျှင် ကန်တော့ငွေနှင့် ကန်တော့ပစ္စည်း စုစုပေါင်းတန်ဖိုး ၈၀,၀၀၀/-နှုန်းစီဖြင့် စုစုပေါင်းတန်ဖိုး ၂,၈၀၀,၀၀၀/-အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အတွင်းရှိ အသက်(၉၀) နှစ်နှင့်အထက် ဘိုး/ဘွား(၂၈၂)ဦးအတွက် (၁)ဦးလျှင် ၅၀,၀၀၀/-နှုန်းစီဖြင့် စုစုပေါင်းတန်ဖိုး ၁၄,၁၀၀,၀၀၀/-တိတိအားလည်းကောင်း၊ ကန်တော့ခံဘိုးဘွား (၃၅) ဦးအတွက် တစ်ဦးလျှင် ၁၅,၀၀၀/-နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၅၂၅,၀၀၀/-အား လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းခဲ့ရာ ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘိုး(၁)ဦးက ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ကန်တော့ခံဘိုးဘွား (၃၅) ဦးအား တိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးသိပ္ပံပညာဦးစီးဌာနတို့မှ ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR