တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တွင် သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၁၇.၄.၂၀၂၆ ရက်၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဇေယျကျော်ထင် ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် အခမ်းအနားတက်ရောက်လာကြသူများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဘိုးဘွား (၃၅) ဦးအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီဇေယျကျော်ထင် ဦးဇော်နိုင်ဦးနှင့် ဇနီး ဒေါ်သီတဂူဇေယျ မိသားစုမှ ကန်တော့ပစ္စည်းများနှင့် ဆေးဝါးများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အာဟာရများ ကျွေးမွေးခြင်း နှင့် ဘိုးဘွား(၁)ဦးလျှင် ကန်တော့ငွေနှင့် ကန်တော့ပစ္စည်း စုစုပေါင်းတန်ဖိုး ၈၀,၀၀၀/-နှုန်းစီဖြင့် စုစုပေါင်းတန်ဖိုး ၂,၈၀၀,၀၀၀/-အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အတွင်းရှိ အသက်(၉၀) နှစ်နှင့်အထက် ဘိုး/ဘွား(၂၈၂)ဦးအတွက် (၁)ဦးလျှင် ၅၀,၀၀၀/-နှုန်းစီဖြင့် စုစုပေါင်းတန်ဖိုး ၁၄,၁၀၀,၀၀၀/-တိတိအားလည်းကောင်း၊ ကန်တော့ခံဘိုးဘွား (၃၅) ဦးအတွက် တစ်ဦးလျှင် ၁၅,၀၀၀/-နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၅၂၅,၀၀၀/-အား လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းခဲ့ရာ ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘိုး(၁)ဦးက ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ကန်တော့ခံဘိုးဘွား (၃၅) ဦးအား တိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးသိပ္ပံပညာဦးစီးဌာနတို့မှ ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR