မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးပေးအပ် ခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးတို့ ဦးဆောင် ကျင်းပခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးမသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေနှင် နည်းဥပဒေများ ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဆောင်၍လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍လည်းကောင်း ဖွဲ့စည်းထားရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း မြို့နယ် (၁၀) မြို့နယ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအမျိုးအစား၊ မသန်စွမ်းမှုအဆင့်နှင့် မသန်စွမ်းသူ အရေအတွက် စသည့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အချက်အလက် (Statistic) များ ရရှိဖော်ထုတ်နိုင်ခြင်းဖြင့် မသန်စွမ်းသူများ အတွက် နိုင်ငံတော်၏ မူဝါဒများချမှတ်၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင် နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းကိုယ်စားလှယ်များအား မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်း ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြပါသည်။ ဥတ္တရသီရိမြို့နယ် မှ မသန်စွမ်းသူ (၁၆၄) ဦးနှင့် ဇမ္ဗူသီရိမြို့နယ်မှ မသန်စွမ်းသူ (၈၉) ဦး စုစုပေါင်း မသန်စွမ်းသူ (၂၅၃) ဦးတို့အား မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း (ခုနှစ်ဆယ့်ငါးသိန်း ကိုးသောင်း)အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ယနေ့အထိ မသန်စွမ်းသူ (၃၉,၂၆၈) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁,၂၁၂.၂၂၅) ကျပ်သန်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR