လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်းအား ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြများက ပို့ချမည့် ဘာသာရပ်ဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် သင်တန်းသား မိတ်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ယခုသင်တန်းအား (၂၉.၇.၂၀၂၄) ရက်နေ့မှ (၂.၈.၂၀၂၄) ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၁၃) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR