မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏"(၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး"ကိုယနေ့နံနက်(၀၉:၀၀)နာရီတွင်နေပြည်တော်၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၊ သီရိရတနာခန်းမတွင်ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ခရိုင် ဥက္ကဋ္ဌများနှင့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအခမ်းအနား၌ပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုအမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အဆင့်ယန္တရားအဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီတွင် အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်ဖွဲ့စည်းထားရှိရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့်အဖွဲ့ဝင်အဖြစ် တက်ကြွစွာဖြင့် အစဉ်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ဒေသဆိုင်ရာ အမျိုးသမီးကော်မတီအဆင့်ဆင့်တွင်လည်း အမျိုးသမီးရေးရာအဖွဲ့များကအဖွဲ့ဝင်အဖြစ်ပါဝင်ကာအမျိုးသမီးအရေးကိုပူးပေါင်းဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ဆောင်ရွက်ပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်းလုပ်ငန်းများကို အမျိုးသမီးအဖွဲ့အစည်းများ၏ ပူးပေါင်းအင်အားများဖြင့်ပါအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ်မဂ္ဂဇင်း ထုတ်ဝေနိုင်ခြင်းသည် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေးတို့နှင့် သက်ဆိုင်သော အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံများ၊ အောင်မြင်မှုများကိုမျှဝေနိုင်သည့်အတွက် မဂ္ဂဇင်းဖြစ်မြောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြသူများ၊ တာဝန်ရှိသူများအားလုံးကို ဂုဏ်ပြုူမှတ်တမ်းတင်ပါကြောင်းပြောကြားခဲ့ပါသည်။

                        ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအပေါ် ထူးချွန်ဆုရရှိသူ(၁၄)ဦးတို့အားမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက၊ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့ကဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ မှတ်တမ်းဗွီဒီယိုပြသခဲ့ကာ ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှု၍ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။အဆိုပါအစည်းအဝေးကို၂၆-၂-၂၀၂၆ ရက်နေ့မှ၂၇-၂-၂၀၂၆ရက်နေ့ထိကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR