လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) ၏ဥက္ကဋ္ဌဖြစ်သူဦးရန်ဝင်းဦးဆောင်သောအဖွဲ့အားယနေ့မွန်းလွဲပိုင်း (၁၃:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌမှ အဖွဲ့ချုပ်ဖွဲ့စည်းမှု၊ အသင်းအဖွဲ့မှတ်ပုံတင်ရရှိမှု၊အဖွဲ့ချုပ်အနေဖြင့် ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ရေဘေးအကူအညီပေးရေးလုပ်ငန်းများကိုနေပြည်တော်၊ တောင်ငူ၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍တင်ပြခဲ့ပြီးနေပြည်တော်ရှိရေဘေးသင့်ကျေးရွာများပြန်လည်ထူထောင်ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်ပေးနေမှု၊ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ရေဘေးပြန်လည်ထူထောင်ရေးဆိုင်ရာနိုင်ငံတော်၏အစီအမံများ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး(Environmental Conservation) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး (Disaster Risk Reduction)ဆိုင်ရာအသိအမြင်များကိုမျိုးဆက်သစ်များအနေဖြင့်ငယ်ရွယ်စဉ်ကပင်သိနားလည်ရန်လိုအပ်နေမှုနှင့် ခရီးသွားလုပ်ငန်းအစီအစဉ်များဆောင်ရွက်ရာတွင်လည်းယင်းအသိအမြင်များတစ်ပါတည်းပေါင်းစပ်ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR