၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်သည် စစ်ကိုင်းမြို့ရှိ မူကြိုကျောင်းများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းမျက်မမြင် ကျောင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

    တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မူကြိုကျောင်းများအနေဖြင့် လူမှု ဝန်ထမ်းဦးစီးဌာနက ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။

    ထို့နောက်  တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်နွယ်နွယ်အောင်တို့က မူကြိုကျောင်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများ နှင့်ပတ်သက်၍  ဆွေးနွေးတင်ပြကြသည်။

     ထို့အပြင် တက်ရောက်လာကြသည့်မူကြိုကျောင်းများမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။




 

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR