လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၁/၂၀၂၆) အား ၂၇-၁-၂၀၂၆ ရက်တွင် နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး (Community Center) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကလေးများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ လူသားအရင်းအမြစ်များဖြစ်တာကြောင့် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို ပြည်သူလူထုက လက်လှမ်းမီ သိရှိစေရန်လိုကြောင်းနှင့် အဆိုပါနည်းလမ်းများအား ပြည်သူများ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်ပံ့ပိုးဆောင်ရွက်ပေးရန် လိုကြောင်း၊ ယခုလိုသင်တန်းများမှ အရည်အချင်းသတ်မှတ်ချက်များနှင့် ညီညွတ်ပြီး မိဘ၊ ပတ်ဝန်းကျင်ကို အသိပညာပေးနိုင်သူ၊ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်သူ၊ ထို့အပြင် စံပြထိုက်သော မူကြိုဆရာမများ၊ ကလေးပြုစုစောင့်ရှောက်သူများ ဖြစ်စေရေးနှင့် ကလေးများဘက်စုံဖွံ့ဖြိုးဖို့အတွက် သင်ယူရာနေရာကောင်းများ ဖန်တီးပေးနိုင်သော ဆရာမများ ဖြစ်စေရေးကို အားထုတ်ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းအခမ်းအနားသို့ နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် သင်တန်းသား (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR