လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့နယ်၊ ချောင်းဆုံ (တ) ကျေးရွာ၌ (၂၆-၅-၂၀၂၁) ရက်နေ့၊ (၀၀:၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား (၂၇-၅-၂၀၂၁) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR