၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်ချက်များကို Video Clipဖြင့် ပြသခဲ့ပါသည်။ ထို့နောက် ကျိုက်ထိုမြို့နယ် မသန်စွမ်းအလုပ်အမှုဆောင်အသင်းမှ အမှုဆောင် ကိုကံထူးအောင်က ထာဝရငြိမ်းချမ်းရေးတေးသီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ချောင်းဆုံရုံးခွဲမှ ဦးငွေထွန်းက မနက်သော် တစ်ရက်ကျော် အိပ်မက်ဖော် တေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အာရှ၊ အာဆီယံ၊ SEA Game မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ထူးချွန်မသန်စွမ်းအားကစားသမား(၂)ဦးနှင့် ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲတွင် ပထမဆုရရှိသော အားကစားသမား (၁၉)ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၃၀)နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုအားပေးစကားပြောကြားပြီး အခမ်းအနားတွင် ခင်းကျင်းပြသထားသော မွန်ပြည်နယ် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။   

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်မသန်စွမ်းသူများအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ NGO, INGOSအဖွဲ့များ၊ ခရစ်ယာန်အရေးပြားဆေးရုံမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကမသန် စွမ်းကျောင်းများမှ တာဝန်ရှိသူများ ဆရာ၊ ဆရာမများနှင့်ကလေးများ၊ သတင်းမီဒီယာအဖွဲ့များ၊ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR