ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁.၁၀.၂၀၂၄)ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ အ.ထ.က(၅) ကျောင်းရှိ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော သက်ကြီးပုဂ္ဂိုလ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများမှ တောင်ကြီးမြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် စုစုပေါင်း (၄၆၀)ဦးတို့အား တစ်ဦးလျှင် ကျပ် ၃၀၀၀၀/-နှုန်းဖြင့် စုစုပေါင်းဂုဏ်ပြုပူဇော်ကန်တော့ငွေကျပ် (၁၃.၈) သန်းအပြင် အလှူရှင်များမှ  လှူဒါန်းငွေများ အသီးသီးလှူဒါန်းကြပြီး အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို နံနက် (၁၁း၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

        အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ကန်တော့ခံအဘိုးအဘွားများ၊ ဖိတ်ကြားထားသော ဧည့်တော်များ စုစုပေါင်း အင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR