လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက် အကူပြုဗဟိုဌာန(ရန်ကုန်)တွင် ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း သင်တန်းကို သင်တန်းသား(၂၆)ဦးဖြင့် ( ၁.၁၂.၂၀၂၅ ) ရက်မှ ( ၁၂.၁၂.၂၀၂၅ )ရက်ထိ ဖွင့်လှစ် လျက်ရှိရာ သင်တန်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများကို သိရှိနားလည်ပြီး လက်တွေ့နယ်ပယ်များ၌ လုပ်ငန်းအတွေ့အကြုံရှိသော နည်းပြဆရာမများမှ မူကြိုဆရာမများအနေဖြင့် ပတ်ဝန်းကျင်နှင့် ချိတ်ဆက်၍ ကလေးများ၏ အသက်အရွယ်အလိုက် သင်ခန်းစာအစီအစဉ်များ ရေးဆွဲတတ်စေရန် စာတွေ့၊ လက်တွေ့များ သင်ကြားပို့ချပေးလျက်ရှိပါသည်။

အဆိုပါသင်တန်းတွင် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းတွင် ပါဝင်ရမည့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ရေးဆွဲခြင်း၊ နှစ်စဉ်သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း၊ လစဉ်သင်ခန်းစာ အစီအစဉ် ရေးဆွဲခြင်း၊ အပတ်စဉ်သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း၊ အသက်အရွယ်အလိုက် (၃နှစ်မှ၄နှစ်) သင်ခန်းစာရေးဆွဲခြင်း၊ အသက်အရွယ်အလိုက် (၄နှစ်မှ၅နှစ်) သင်ခန်းစာရေးဆွဲခြင်း၊ နေ့စဉ် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း၊ ရေးဆွဲထားသော သင်ခန်းစာအလိုက် သင်ထောက်ကူများပြင်ဆင်ခြင်း၊ ECCD Law & Policy, သင်ခန်းစာအစီအစဉ်အလိုက်သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များ လက်တွေ့ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင်ကြားပို့ချလျက် ရှိပါသည်။

ထို့အပြင် အသက်အရွယ်အလိုက် သင်ခန်းစာရေးဆွဲခြင်း အသက်(၃)နှစ်မှ(၄)နှစ်နှင့် အသက်(၄)နှစ်မှ(၅)နှစ် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းများကို အသေးစိတ်သင်ကြားပေးမည် ဖြစ်ပြီး ထိုသို့သင်ကြားရာတွင်လည်း လွယ်ကူပြီးထိရောက်မှုရှိစေရန် သင်ခန်းစာခေါင်းစဉ်ပေါ်မူတည်၍ ရေးဆွဲထားသော သင်ခန်းစာအလိုက် သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်းကိုလည်း လက်တွေ့သင်ကြားဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

       အဆိုပါသင်တန်းကို တက်ရောက်ပြီးသော သင်တန်းသူများအနေဖြင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရှိ မူကြိုအရွယ်ကလေးငယ်များအား ဖွံ့ဖြိုးမှု(၅)ရပ်နှင့်အညီ ကြီးထွားဖွံ့ဖြိုးလာစေရန် သင်ခန်းစာအစီအစဉ်အလိုက် လက်တွေ့ပြုလုပ်ထားသော သင်ထောက်ကူများနှင့် သင်ယူမှုနေရာများတွင် ချိတ်ဆက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်တတ်လာပြီး စနစ်တကျ ပြုစုစောင့်ရှောက် သင်ကြားပေးနိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR