လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက် အကူပြုဗဟိုဌာန(ရန်ကုန်)တွင် ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း သင်တန်းကို သင်တန်းသား(၂၆)ဦးဖြင့် ( ၁.၁၂.၂၀၂၅ ) ရက်မှ ( ၁၂.၁၂.၂၀၂၅ )ရက်ထိ ဖွင့်လှစ် လျက်ရှိရာ သင်တန်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများကို သိရှိနားလည်ပြီး လက်တွေ့နယ်ပယ်များ၌ လုပ်ငန်းအတွေ့အကြုံရှိသော နည်းပြဆရာမများမှ မူကြိုဆရာမများအနေဖြင့် ပတ်ဝန်းကျင်နှင့် ချိတ်ဆက်၍ ကလေးများ၏ အသက်အရွယ်အလိုက် သင်ခန်းစာအစီအစဉ်များ ရေးဆွဲတတ်စေရန် စာတွေ့၊ လက်တွေ့များ သင်ကြားပို့ချပေးလျက်ရှိပါသည်။

အဆိုပါသင်တန်းတွင် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းတွင် ပါဝင်ရမည့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်ရေးဆွဲခြင်း၊ နှစ်စဉ်သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း၊ လစဉ်သင်ခန်းစာ အစီအစဉ် ရေးဆွဲခြင်း၊ အပတ်စဉ်သင်ခန်းစာ အစီအစဉ်ရေးဆွဲခြင်း၊ အသက်အရွယ်အလိုက် (၃နှစ်မှ၄နှစ်) သင်ခန်းစာရေးဆွဲခြင်း၊ အသက်အရွယ်အလိုက် (၄နှစ်မှ၅နှစ်) သင်ခန်းစာရေးဆွဲခြင်း၊ နေ့စဉ် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း၊ ရေးဆွဲထားသော သင်ခန်းစာအလိုက် သင်ထောက်ကူများပြင်ဆင်ခြင်း၊ ECCD Law & Policy, သင်ခန်းစာအစီအစဉ်အလိုက်သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များ လက်တွေ့ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင်ကြားပို့ချလျက် ရှိပါသည်။

ထို့အပြင် အသက်အရွယ်အလိုက် သင်ခန်းစာရေးဆွဲခြင်း အသက်(၃)နှစ်မှ(၄)နှစ်နှင့် အသက်(၄)နှစ်မှ(၅)နှစ် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းများကို အသေးစိတ်သင်ကြားပေးမည် ဖြစ်ပြီး ထိုသို့သင်ကြားရာတွင်လည်း လွယ်ကူပြီးထိရောက်မှုရှိစေရန် သင်ခန်းစာခေါင်းစဉ်ပေါ်မူတည်၍ ရေးဆွဲထားသော သင်ခန်းစာအလိုက် သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်းကိုလည်း လက်တွေ့သင်ကြားဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

       အဆိုပါသင်တန်းကို တက်ရောက်ပြီးသော သင်တန်းသူများအနေဖြင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရှိ မူကြိုအရွယ်ကလေးငယ်များအား ဖွံ့ဖြိုးမှု(၅)ရပ်နှင့်အညီ ကြီးထွားဖွံ့ဖြိုးလာစေရန် သင်ခန်းစာအစီအစဉ်အလိုက် လက်တွေ့ပြုလုပ်ထားသော သင်ထောက်ကူများနှင့် သင်ယူမှုနေရာများတွင် ချိတ်ဆက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်တတ်လာပြီး စနစ်တကျ ပြုစုစောင့်ရှောက် သင်ကြားပေးနိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR