လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သော  အင်္ဂပူမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်  ကော်မတီအဖွဲ့ဝင်များသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ)ကျေးရွာ၌ (၂၂-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် ကော်မတီမှ ဆန် (၁) အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၄၆၃၀ဝိ/-) ကျပ်နှင့် Mask များကို (၂၃-၃-၂၀၂၂)ရက်နေ့၊ (၀၉:၂၀)နာရီအချိန်တွင်‌ သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR