လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်သည်နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ၏အရေးပေါ်ကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူးများအဖွဲ့ (EDG)အားယနေ့နံနက် (၈:၃၀)အချိန်တွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်EDG အဖွဲ့ကမြန်မာနိုင်ငံအတွင်းလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များလေ့လာရေး၊နိုင်ငံအတွင်းအမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (NDMC) ဖွဲ့စည်းထားရှိမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါတုံ့ပြန်ရေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အဖွဲ့အစည်းများ၏နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ ဗီဇာသက်တမ်းတိုး၊ခရီးသွားလာခွင့်များရရှိရေးနှင့်ဝန်ကြီးဌာနမှဆောင်ရွက်ပေးထားမှုအခြေအနေများ၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ဝန်ကြီးဌာနနှင့် OCHA အဖွဲ့အကြားသဘောတူညီမှုစာလွှာ (LoA)လက်မှတ်ရေးထိုးနိုင်ရေးနှင့် ဌာနဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများပေးနိုင်ရေးကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့်EDG အဖွဲ့မှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR