လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် (၁၂-၁-၂၀၂၃) ရက်နေ့ (၂၀:၅၀)နာရီမှ(၂၃:၀၅)အချိန်ထိ အမှတ်(၁၉)ရှိ ရတနာစုကုမ္ပဏီအတွင်း ရေသန့်ရေခဲတုံး ပြုလုပ်ရန်အတွက် အသုံးပြုသောအမိုးနီးယားဓါတ်ငွေ့အိုး၏ အဖွင့်/အပိတ်ဘားမှတစ်ဆင့် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများ ယိုစိမ့်ထွက်ပေါ်မှု‌‌ကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူ ကျား(၅)ဦးနှင့် မ(၇)ဦး၊ စုစုပေါင်း(၁၂)ဦးအား ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ မ(၁)ဦးအား မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ကျား(၇)ဦး၊မ(၉)ဦးစုစုပေါင်း (၁၆)ဦးအား အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် လည်ကောင်း၊ စုစုပေါင်းဆေးရုံတက်ရောက်သူ (၂၉)ဦး အတွက် ထောက်ပံ့ငွေ(၁)ဦးလျှင် (၅၀,၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၁,၄၅၀,၀၀ဝိ/-)အား (၁၃-၁-၂၀၂၃)ရက်နေ့ (၁၅:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR