လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၃) ရက်နေ့ (၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.မ.က(ဂုံမင်းကွင်း)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၆၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အ မ.က(လယ်သာ)စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၅၀)ဦးစုစုပေါင်း ကျောင်းသား/သူ (၃၁၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဘောလ်ပင်၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR