လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြန်မာ-ထိုင်း ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာ သည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေးဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနှင့် ထိုင်း နှစ်နို်ငငံတို့အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးဆောင်ရွက်ခြင်းသည် မြန်မာရွှေ့ပြောင်းကလေးများအတွက် များစွာအကျိုးရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားစွာထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် စီးပွားရေးအရအထိုက်အလျောက်တိုးတက် ဖွံ့ဖြိုးသောနိုင်ငံဖြစ်သည့်အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားအများဆုံးသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ် သမားများနှင့်အတူပါရှိသွားသောကလေးများ၊ ထိုင်းနိုင်ငံတွင် မွေးဖွားသော မြန်မာကလေးများနှင့် ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်ခံစားရသောကလေးများ၏ ပညာရေး၊ ကျန်းမာရေး အစရှိသော အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရန် ခက်ခဲနိုင်သကဲ့သို့ မမြင်နိုင်သောထိခိုက် နစ်နာမှု များလည်းရှိနိုင်ပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သကဲ့သို့၊ CRC Convention အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အတွက် ကလေးသူငယ်များရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်သည်ကို ယုံကြည်ပါကြောင်း၊ MoU လက်မှတ် ရေးထိုးပြီးနောက်ပိုင်းတွင်လည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်တွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြားရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ( MoU ) ရေးထိုးခြင်းလုပ်ငန်းစဉ်ကိုလည်း မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလအတွင်း အမြန်ဆုံးအောင်မြင်အောင်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးမှ MoU ရေးဆွဲရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များ၊ထိုင်းနိုင်ငံဘက်မှ ပြန်လည်ပေးပို့သော သဘောထားမှတ်ချက်၊ နှစ်နိုင်ငံအဆင့် MoU လက်မှတ်ရေးထိုးနိုင်ရေး အခမ်းအနားပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနှင့်ထိုင်းအကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ် ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုစနစ်ကျလျင်မြန်စေရန် Standard Operational Procedure (SOP) ကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ပြီး၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မြဝတီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်းတို့တွင် ရှေ့ပြေးစီမံကိန်း များကို စတင်ပူးပေါင်း ဆောင်ရွက်သွားရန် သတ်မှတ်ရွေးချယ်ထားပြီး ဦးစွာ မြဝတီ-မဲဆောက် နယ်စပ်မြို့များတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR