၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် စင်္ကာပူနိုင်ငံ၊ Resorts World Sentosa Convention Centre ၌ ကျင်းပသည့် အာရှနှင့်သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Summit 2022 သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၏ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် Digital Trust Forum ကို ကျင်းပရာ ဒေသတွင်းနှင့် နိုင်ငံတကာက IT ပညာရှင်များ၊ တက္ကသိုလ်များက ပညာရှင်များ၊  နည်းပညာအသုံးပြုသည့် ကုမ္ပဏီတို့မှ CEO, CFO နှင့် တာဝန်ရှိသူများက နည်းပညာဆိုင်ရာ ယုံကြည်မှု အပေါ်ခေါင်းစဉ် (၁၄) ခု ဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ Summit ၏ ညပိုင်း Gala Dinner တွင် ASOCIO Digital Government Award 2022 အား ပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုရေး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် Social Management Information System (SMIS) ၏ ကဏ္ဍတစ်ခုဖြစ်သော လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းစနစ် (Case Management Information System-CMIS) အား ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် ASOCIO Digital Government Award 2022 အားရရှိခဲ့ပါကြောင်းနှင့် ဆုချီးမြှင့်မှုမပြုမီ ဆုလက်ခံကြောင်း ပြည်ထောင်စုဝန်ကြီး၏ ဗီဒီယိုဖိုင်အား ဖွင့်လှစ်ပြီး ဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆုလက်ခံခဲ့ပါသည်။ ဆုလက်ခံအပြီးတွင် ASOCIO အသင်းချုပ်၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်တွင် ကျင်းပသည့် ASOCIO Digital Summit တွင် နိုင်ငံပေါင်း (၁၄) နိုင်ငံက Digital Government Award အပါအဝင် ဆုပေါင်း (၅၄) ခု ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

   CMIS Software Platform သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အတွင်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေနှင့် ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခြင်းခံရသူ ကလေးသူငယ်များ၊ ကျား/ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးခံရသူကလေးသူငယ်များနှင့် အမျိုးသမီးများ၏ ဖြစ်ရပ်များအား လူမှုရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိပြီး အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ စနစ်တကျ သုံးစွဲနိုင်ရန် ရေးဆွဲထားသော Digital Platform ဖြစ်၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ပါ လုပ်ငန်းစဉ်များအား စနစ်တကျဆောင်ရွက်နိုင်ပြီး ဖြစ်ရပ်များလွှဲပြောင်း ချိတ်ဆက်နိုင်ခြင်း၊ ဖြစ်ရပ်အလိုက် မှတ်တမ်းတင်နိုင်ခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR