လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၃)ရက်နေ့ (၁၆:၀၀)အချိန်ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသန်းမှုကြောင့် မာဂရီချောင်းရေလျှံ၍ ရေဘေး သင့်ခဲ့သည့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံဘူတာကျေးရွာအုပ်စု၊ ဃောတိကာရုံဘုန်းကြီး ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၇၂၈)၊ အိမ်ထောင်စု(၇၂၅)၊ လူဦး ရေ ကျား(၁၁၄၅)၊ မ(၁၄၂၁)၊ ပေါင်း(၂၅၆၆) ဦးအားလည်းကောင်း၊ ဖလုံကံကုန်းကျေးရွာအုပ်စု၊ အောင်စေတီဘုန်းတော်ကြီး ကျောင်းတွင် ယာယီပြောင်း ရွှေ့နေထိုင်သည့် အိမ်ခြေ(၁၈၂)၊ အိမ်ထောင်စု(၁၈၂)၊ လူဦးရေကျား(၄၈၀)၊ မ(၄၉၂)၊ ပေါင်း(၉၇၂)ဦး  အားလည်းကောင်း၊ ဥတိုကျေးရွာအုပ်စု၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် ယာယီ ပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၅၂)၊ အိမ်ထောင်စု(၅၂)၊ လူဦးရေကျား(၁၁၆)၊ မ(၁၃၅)၊ ပေါင်း(၂၅၁)ဦးအား လည်းကောင်း၊  အုပ်ပုံကျေးရွာအုပ်စု၊ ရတနာအုပ်ပုံ ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင် သည့် အိမ်ခြေ(၁၂)၊ အိမ်ထောင်စု(၁၂)၊ လူဦးရေကျား(၅၀)၊ မ(၄၃)၊ ပေါင်း (၉၃)ဦးအားလည်းကောင်း၊ စုစုပေါင်းအိမ်ခြေ(၉၇၁)၊ အိမ်ထောင်စု(၉၇၁)၊ လူဦးရေကျား(၁၇၉၁)ဦး၊ မ (၂၀၉၁)ဦး၊ စုစုပေါင်း (၃၈၈၂)ဦးတို့ အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၈,၁၅၂,၂၀ဝ/-) အား (၃၁-၇-၂၀၂၃)ရက်နေ့ (၁၆:၃၀)နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR