လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် (၁-၂-၂၀၂၄)ရက်နေ့ ၊ (၁၂:၀၀) အချိန်တွင် တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ကွမ်းတောကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန် အန္တရာယ်‌ကျရောက်မှု‌ ‌လျော့နည်းစေရန်ရည်ရွယ်၍ အမှီအခိုကင်းသည့် သက်ကြီးရွယ်အိုများ၊  အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများမှ လိုအပ်လျက်ရှိသောနေအိမ်များနှင့် ကျေးရွာအတွင်း လိုအပ်လျက်ရှိသော (ဆင်းရဲနွမ်းပါးမှု/ကြံ့ခိုင်မှုမရှိသည့်) နေအိမ်များ၊ မဖြစ်မနေပြုပြင်ရန် လိုအပ်သော နေအိမ်များအား ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်အတွက် ဝါးထရံ၊  သွပ် အစရှိသည်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR