ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများလှူဒါန်းရာတွင် လွယ်လင့်တကူလှူဒါန်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲ(၂)နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကအဖွင့်အမှာစကားပြောကြားရာဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဘေးဒဏ်သင့်ဒေသများ၌ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပမှ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းလျက်ရှိရာပစ္စည်းများလက်ခံရယူရေး၊ ဖြန့်ခွဲရေးနှင့်စပ်လျဉ်း၍ အဖွဲ့များဖွဲ့စည်းကာစနစ်တကျ လက်ခံဖြန့်ခွဲနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း၊ အလှူငွေများနှင့်စပ်လျဉ်း၍လည်းပြည်တွင်း/ပြည်ပမှ စေတနာရှင်များပေးပို့လှူဒါန်းနိုင်သည့် ငွေစာရင်းအမှတ်များကိုအများပြည်သူသိရှိစေရေးကြေညာဆောင်ရွက် ထားပါကြောင်း၊ သို့ရာတွင် ဘေးသင့်သူများ၊ ဘေးဒဏ်သင့်ဒေသများအပေါ် စာနာထောက်ထားသောမြန်မာလူမျိုးတို့၏ စေတနာသဒ္ဒါတရားထက်သန်မှု၊ ကူညီဆောင်ရွက်လိုမှုစိတ်ထားများအရငွေကြေးလှူဒါန်းမှုအနည်းအများမဆိုလွယ်ကူစွာလှူဒါန်းနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ အများပြည်သူလွယ်ကူစွာလှူဒါန်းနိုင်ရေးနည်းလမ်းများစဉ်းစားရာတွင် ဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်ညီညွတ်ရန်လည်းလိုကြောင်း၊ ဥပဒေနှင့်အညီအမြန်ဆုံးဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားပါသည်။

ထို့နောက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကဥပဒေနှင့်အညီဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဘဏ်များသို့ ငွေသားဖြင့် တိုက်ရိုက်လှူဒါန်းနိုင်မှု၊ စာရင်းပြောင်းနည်းလမ်းဖြင့် လှူဒါန်းနိုင်မှုအခြေအနေများ၊ အများပြည်သူလွယ်ကူစွာသိရှိနားလည်နိုင်ရေးအသိပေးကြေညာဆောင်ရွက်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသူများကနိုင်ငံခြားငွေ၊ မြန်မာငွေလှူဒါန်းနိုင်မည့်/ လက်ခံရယူနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်မြန်ဆန်စေရေးဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြပါသည်။

ဆွေးနွေးမှုများအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးမိုခါ(MOCHA)ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများလွယ်လင့်တကူလှူဒါန်းနိုင်ရန်အတွက် အီလက်ထရောနစ် ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လည်းလှူဒါန်းနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR