ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ (Small Development Projects-SDP)  အကောင်အထည်ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုခဲ့သည့် " Construction of Preschool at Lewe Township, Nay Pyi Taw (ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့တွင် မူလတန်းကြိုကျောင်း ဆောက်လုပ်ခြင်း)"  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်၊ ၁၈:၀၀ နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနမှ ဝန်ကြီး H.E Mr. Kirti Vardhan Singh၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးအကြီးအကဲ H.E Mr. Abhay Thakur ၊ ဒုတိယအကြီးအကဲ Mr. Ashish Sharma၊သက်ဆိုင်ရာဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနမှ ဝန်ကြီး H.E Mr. Kirti Vardhan Singh တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ အမှာစကား အသီးသီး ပြောကြားခဲ့ပြီးနောက်ပြည်ထောင်စုနယ်မြေ နေပြည်တော်၊လယ်ဝေးမြို့တွင်မူလတန်းကြိုကျောင်းဆောက်လုပ်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာအားလူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၊ ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့ကလက်မှတ်ရေးထိုးခဲ့ကြပါသည်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့်ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံမှုရှိသော၊ ပါဝင်သင်ကြားခွင့်ရှိသော၊ အရည်အသွေးမြင့်သော သင်ယူမှုပတ်ဝန်းကျင်များအား ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကလေးများ၏ကိုယ်ကာယပိုင်း၊ ဉာဏ်ရည်၊ ဉာဏ်သွေး၊စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့်မူလတန်းကြိုကျောင်းတစ်ကျောင်းအဖြစ် ပေါ်ထွက်လာပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးအကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက်အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR