လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ အသိပညာမြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က ယနေ့သင်တန်းကို ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများ သိရှိနားလည်ခြင်း အားဖြင့် ပြည်သူလူထုအား ပိုမိုကူညီစောင့်ရှောက်နိုင်ရန်၊ နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများဆိုင်ရာ လုပ်ငန်းစဉ်တို့ကို သိမြင်နားလည်နိုင်စေရန်နှင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ မိသားစုနှင့် ရပ်ရွာပတ်ဝန်းကျင်တွင် အသုံးချလိုက်နာ ဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လူ့အခွင့် အရေးနှင့် ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွင်း ရှေးနှစ်ပေါင်းများစွာကပင် ကျင့်သုံးဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ Cyrus the Great ၏ the Cyrus Cylinder ကျောက်စာသည် လူ့အခွင့်အရေးဆိုင်ရာ ပထမဆုံး ကြေညာချက် ဖြစ်ပါကြောင်း၊ထို့အပြင် ဘီစီ ၅၇၀ ခန့်က တရုတ်နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် ကွန်ဖြူးရှပ်ဝါဒ (Confucianism) တို့သည် လူ့အခွင့်အရေးနှင့် ဆက်စပ်သည့် စီမံဆောင်ရွက်ချက်များ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်တွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Right – UDHR) ကို အတည်ပြုချမှတ်၍ ထုတ်ဖော် ကြေညာခဲ့ပါကြောင်း၊ UDHR အပေါ် အခြေခံပြီး Convention on the Elimination of All Forms of Discrimination Against Women (CEDAW), Convention on the Rights of the Child (CRC) ၊ Convention on the Rights of Persons with Disabilities (CRPD) တို့ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များကို ဆက်လက်ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လူသားတစ်ဦးအား လေးစားတန်ဖိုးထားရန် ဆိုသည့် အနှစ်သာရကို ယဉ်ကျေးမှုတိုင်း၊ လူမှု့အသိုင်းအဝိုင်းတိုင်း၊ ကိုးကွယ်သည့် ဘာသာတိုင်း၊ အတွေးအခေါ် အယူအဆတိုင်းတွင် တွေ့မြင်နိုင်ပါကြောင်း၊ သို့ရာတွင် မိမိ၏လူ့အခွင့်အရေး လိုအပ်ချက်တို့ကို ရရှိခံစားနိုင်ရေး    သို့မဟုတ် ရရှိနိုင်ရေး တောင်းဆိုရာတွင် အများပြည်သူ အနှောင့်အယှက် မဖြစ်စေရန်၊ အခြားသူတစ်ဦး၏ လူ့အခွင့်အရေး ရရှိပိုင်ခွင့်ကို မထိခိုက်စေရန်၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ ကိုးကွယ်ရာ ဘာသာ၊ ထုံးတမ်း စဉ်လာ သတ်မှတ်ချက်များအား ကျော်လွန်မှုမရှိစေရန်၊ မိမိကိုယ်တိုင်၏ တာဝန်သိမှု၊ တာဝန်ရှိမှု တို့ကိုထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ နိုင်ငံအတွင်းရှိ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ နှင့်အညီ အကောင်အထည်ဖော်ရန် လိုအပ်သည့်အပြင် နိုင်ငံတကာမှ သဘောတူချမှတ် ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် သဘောတူညီချက်တို့ကိုလည်း အလေးထား လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြသည့် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် သင်တန်းမှ ပို့ချမည့် သင်ခန်းစာတို့ကို သေချာစွာ မှတ်ယူသင်ကြားခြင်းနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်းအားဖြင့် လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း  ပြောကြားခဲ့ပါသည်။

ယနေ့သင်တန်းတွင် ကွန်ဗင်းရှင်းများနှင့်ဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ များ၊ လူ့အခွင့်အရေးနှင့် ဆက်စပ်သော လူမှုရေးပြဿနာများအား ဖြေရှင်းဆောင်ရွက်ခြင်းနှင့် ဖြစ်ရပ်စီမံခန့်ခွဲမှု သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ၁၁-၃-၂၀၂၄ ရက်မှ ၁၃..၂၀၂၄ ရက်အထိ () ရက်တာ ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR