ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှဝန်ထမ်းများ၊ သင်တန်းသူများ၊ စုစုပေါင်း အင်အား (၈၀)ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော စားစရိတ်ထောက်ပံ့ငွေနှင့် ပထမဆုရရှိသူ သင်တန်းသူ(၁)ဦးအား ဆုချီးမြှင့်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က ဒုတိယနှင့်တတိယရရှိသူ သင်တန်းသူ(၁)ဦးစီတို့အား ဆုချီးမြှင့်ခြင်းနှင့် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်အဆိုပြုလွှာများ လက်ခံခြင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား သင်တန်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR