လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်‌အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၁၂.၂၀၂၁)ရက်နေ့၊ (၀၂:၃၀)နာရီအချိန်၌  ရန်ကုန်‌‌အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၇၈)ရပ်ကွက်၊ အောင်သ‌ပြေ-၁ လမ်းရှိ မေတ္တာဂုဏ်ရည်ပရဟိတစာသင်တိုက်တွင်ဖြစ်ပွားသော မီးလောင်ကျွမ်းမှု‌ကြောင့် ကျောင်းဆောင်(၁)ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ ပျံလွန်တော်မူသော သာမဏေ(၃)ပါးအတွက်ထောက်ပံ့ငွေ(၉၀၀၀၀ဝိ/-)၊ သံဃာတော်(၂၆)ပါးနှင့် လူ(၂)ဦးအတွက် ဆွမ်းနှင့်ဆန်ရိက္ခာဖိုး‌ထောက်ပံ့ငွေ(၅၈၈၀ဝိ/-)၊ သံဃာတော်(၂၆)ပါးအတွက် သင်္ကန်း(၂၆)စုံအား (၂၃.၁၂.၂၀၂၁)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင်‌ ဒဂုံဆိပ်ကမ်းမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သံဃာတော်များ၏ လက်ဝယ်အရောက် လှူဒါန်းထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR