မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် ( ၂၀-၄-၂၀၂၂ မှ ၁၃-၅-၂၀၂၂) အထိ ဖွင့်လှစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲ အခမ်းအနားကို (၁၃.၅.၂၀၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) မှ ဒေါက်တာကေသီကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

    အဆိုပါ သင်တန်းသို့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေးမှ ဆရာ/ဆရာမများ၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာမှဆရာမများ/နားမကြားသောကလေးများကျောင်း (ရန်ကုန်နှင့် ကြည့်မြင်တိုင်ကျောင်း၊ မူကြိုဆရာမများစုစုပေါင်း (၄၁) ဦး နှင့် လုပ်အားပေးအကူဆရာ (၂) ဦး စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် - 

- လူမှုဝန်ထမ်းလုပ်ငန်းကြီး ၇ ရပ် အပါအဝင် UNCRPD / မသန်စွမ်းသူနှင့် မသန်စွမ်းမှု အဓိပ္ပါယ်/မသန်စွမ်းဖြစ်ရခြင်းအကြောင်းအရင်းများ /အစာအာဟာရ/ ဉာဏ်ရည် မသန်စွမ်းကလေးများအကြောင်း/ECI /

- ဖွံ့ဖြိုးမှုနယ်ပယ် ၅ ရပ်/ထိ‌ရောက်သောလေ့ကျင့်သင်ကြားမှုများ (Physical/ Intellectual/ Language/ Emotional/ Social ) Skills များ

- Speech and Language Communication

- Fine motor skills and Gross motor skills

- Pre Reading and Pre Writing skills

- သိမှုဆိုင်ရာလေ့ကျင့်သင်ကြားခြင်းနှင့်အခြေခံသင်္ချာ/အခြေခံပန်းချီနှင့်လက်မှု

- တေးဂီတနှင့်လှုပ်ရှားခြင်း ( music and movement )

- များကိုစာတွေ့လက်တွေ့သင်ကြားခြင်းများအပြင်ကလေးစိတ်ပညာ/

- ကျောင်းများတွင်သဘာဝဘေးအရေးပေါ်ဖြစ်ပေါ်လာပါကကြိုတင်ကာကွယ်နိုင်ရန် ( မီးဘေးကာကွယ်ခြင်းမီးသတ်ဆေးဘူးအသုံးပြုခြင်း/ငလျင်ဖြစ်ပေါ်လာပါက ကလေးများနှင့်ဘေးလွတ်ရာရှောင်ရှားနိုင်ရန်)

- ရှေးဦးပြုစုနည်း / 

- အခြေခံကြသောမိမိကိုယ်တိုင်လုပ်ဆောင်နိုင်မှု/( Daily activities )

- Child Psychology and Stress

- Task analysis and Activity Analysis  စသည့် သင်ခန်းစာများပို့ချခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR