မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေကျပ်သိန်းသုံးရာ၊ စတီး ထမင်း စားဇလုံ(၁၀၀)၊ စတီးထမင်းစားပန်းကန်ပြား (၁၀၀)ချပ်၊ စတီးဇွန်း (၃၀၀) ချောင်း၊ စတီးဟင်းထည့်ပန်းကန်လုံး (၁၀၀)၊ ထမင်းချက် ဒန်အိုး၊ ဟင်းချက်ဒယ်အိုးနှင့် ပလပ်စတစ် ဇလားများအား  လာရောက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DMC ရုံးသို့ ဦးရဲကျော်ထွဋ် (MSI-Microtech Solutions, Switzerland)၊ (Director , Modern Class Co;ltd , Myanmar)က ငွေကျပ် သိန်း(၁၀၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်အသင်းက ငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း၊  ဦးမောင်မောင်သန်း (GOLD TWIN TIGERS TRADING CO;LTD) က ငွေကျပ် သိန်း(၁၁၀၀)နှင့် ငွေကျပ်သိန်း(၅၀၀) တန်ဖိုးရှိ ဆေးရုံးသုံးပစ္စည်းနှင့်စက်ပစ္စည်းတို့ကိုလည်းကောင်း  ပေးအပ်လှူဒါန်းကြရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးက ၂၈၃.၂၀၂၅ ရက်နေ့တွင် အလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုကြောင့် ဝန်ထမ်းအတော်များများသည် ယာယီနေထိုင်ရာနေရာများတွင် ရောက်ရှိ နေကြောင်း၊ လိုအပ်ချက်များ များစွာရှိနေပါ၍ ကာလဒါနအဖြစ် လှူဒါန်းခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR