၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါက်တာ မာလာအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါ်သန်းသန်းလင်းနှင့် ဦးအောင်ထွန်းခိုင်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်း၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း video message ကို ပြသသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဖွင့်မိန့်ခွန်း video message ကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ စဉ်ဆက်မပြတ် တိုးတက်ဖို့ ကျား၊ မ တန်းတူ ညီမျှစို့ ဖြစ်ကြောင်း သိရသည်။





Crd:

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR