၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အဆိုပါနေ့ရက် နံနက် ၉း၃၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ အင်အားသစ်များ နှင့်အတူ တေးသီချင်းအားသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုမှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် မကွေးနည်းပညာတက္ကသိုလ် ကျောင်းသူလေးများမှ မကွေးတိုင်းဒေသကြီးထွက် ချည်ထည်များဖြင့် ဝတ်စားဆင်ယင်မှုပြသ ဖျော်ဖြေတင်ဆက်ခြင်း၊ မကွေးမြို့၊ အမှတ်(၁၁)၊ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသူလေး မစန်းစန်းမော်မှ ခြင်းလုံးစွမ်းရည် သရုပ်ပြဖျော်ဖြေခြင်း၊ မကွေးမြို့အမှတ် (၄) အခြေခံပညာကျောင်းမှ ကျောင်းသူလေးများ၊ မကွေးတိုင်းဒေသကြီး တယောအဖွဲ့ မှသမီးလေးများ၊ မကွေးနည်းပညာတက္ကသိုလ်၊ မကွေးပညာရေး ဒီဂရီကောလိပ်တို့မှ ကျောင်းသူလေးများက အကအလှများဖြင့် အသီးသီးဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ လှသောအညာမြေတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားအား နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR