၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အဆိုပါနေ့ရက် နံနက် ၉း၃၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ အင်အားသစ်များ နှင့်အတူ တေးသီချင်းအားသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုမှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် မကွေးနည်းပညာတက္ကသိုလ် ကျောင်းသူလေးများမှ မကွေးတိုင်းဒေသကြီးထွက် ချည်ထည်များဖြင့် ဝတ်စားဆင်ယင်မှုပြသ ဖျော်ဖြေတင်ဆက်ခြင်း၊ မကွေးမြို့၊ အမှတ်(၁၁)၊ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသူလေး မစန်းစန်းမော်မှ ခြင်းလုံးစွမ်းရည် သရုပ်ပြဖျော်ဖြေခြင်း၊ မကွေးမြို့အမှတ် (၄) အခြေခံပညာကျောင်းမှ ကျောင်းသူလေးများ၊ မကွေးတိုင်းဒေသကြီး တယောအဖွဲ့ မှသမီးလေးများ၊ မကွေးနည်းပညာတက္ကသိုလ်၊ မကွေးပညာရေး ဒီဂရီကောလိပ်တို့မှ ကျောင်းသူလေးများက အကအလှများဖြင့် အသီးသီးဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ လှသောအညာမြေတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားအား နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR