လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အားယနေ့မွန်းလွဲပိုင်း (၁၄:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် UNOCHAအဖွဲ့မှ မြန်မာနိုင်ငံအတွင်းပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဝေးလံခက်ခဲသောနေရာများရှိအကူအညီလိုအပ်သူများအားလူသားချင်းစာနာမှုအထောက်အပံ့များပေးအပ်နိုင်ရေးကိစ္စ၊ နယူးယောက်မြို့ရှိကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူးများအဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ် လာရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ ခရီးစဉ်အတွင်းအဓိကတွေ့ရှိချက်များနှင့် အကြံပြုချက်များ၊ ဝန်ကြီးဌာနအောက်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်UNOCHA အဖွဲ့တို့အကြားသဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊ UNOCHA ၏နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ ဗီဇာသက်တမ်းတိုးခြင်းနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များအပေါ် ဝန်ကြီးဌာနမှညှိနှိုင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR