ဖွင့်ပွဲအခမ်းအနားအား (..၂၀၂၁) ရက်နေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် စခန်းရှိ ခန်းမဆောင်တွင်ကျင်းပရာ  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်/လူကုန်ကူးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အောင်မြေသာဇံမြို့နယ် စီမံ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ပူးပေါင်းမှုဖြင့် ဝိုင်းဝန်ဆောင်ရွက်လိုပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆရာကိုင်လက်စွဲ စာအုပ်အား  ပြုစုထားပြီးဖြစ်ပါကြောင်း၊  သင်တန်းသားများအနေဖြင့် မိမိ၏စိတ်သာလျှင် အဓိက ဖြစ်ပါကြောင်း၊ ရှေ့ဆက်လျှောက်လှမ်းရမည့် လူ့ဘဝခရီးအတွက် မူးယစ်ဆေး ကြောင့် မနစ်မွန်းစေချင်ကြောင်း၊ ဘဝတိုးတက်အောင်မြင်အောင် ကြိုးစားကြစေလိုပါ ကြောင်းပြောကြားခဲ့ပါသည်။ မန္တလေးတိုင်း ဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးဇော်မင်းက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အား တတ်အားသ၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများ နေဖြင့်လည်း မိမိစိတ်ကို နိုင်အောင်ချုပ်တည်းပြီး တိုးတက်ကောင်းမွန်အောင် နေထိုင်သွားကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။


          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ရုံးချုပ်)၊ မူးယစ်/ လူကုန်ကူးဌာနခွဲမှ ညွှန်ကြားရေးမှူး၊  လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူ များ၊ အောင်မြေသာဇံမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း(မန္တလေး)မှ အရာထမ်း၊ အမှုထမ်းများ၊ ယာယီလက်ခံစောင့် ရှောက်ရေးဂေဟာမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံစေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး အသင်း(ဗဟို)ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁-၆-၂၀၂၁) မှ (၂၉-၈-၂၀၂၁) ရက်နေ့အထိ ရက်ပေါင်း (၉၀) ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR