အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AICHR Indonesia နှင့် ACWC Indonesia တို့မှ ကြီးမှူး၍ (၁.၃.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် (ACWC) တို့၏စုံညီအစည်းအဝေး (AICHR and ACWC Interface Meeting) အားလည်းကောင်း၊ (၁.၃.၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းမှ (၂.၃.၂၀၂၃) ရက်နေ့အထိ (၂၆) ကြိမ်မြောက်အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး (26th ACWC Meeting) အား လည်းကောင်း Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင် (ACWC) ၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်များနှင့် အမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်များ၏ သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ ASEAN Gender Mainstreaming Strategic Framework အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ACWC Work Plan (2021-2025) တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ ACWC Myanmar အနေဖြင့် ACWC Work Plan (2021-2025) တွင် အဆိုပြုစီမံကိန်းဖြစ်သည့် Capacity Building on Implementation of Regional Plan of Action for the Protection of Children from All Forms of Online Exploitation and Abuse (RPA COEA) စီမံကိန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR